Skip to content

သင်၏ အဖွဲ့အစည်း

People Intouch B.V (ကျွန်ုပ်တို့၊ ကျွန်ုပ်တို့အား၊ ကျွန်ုပ်တို့၏) မှ ထုတ်လုပ်ထားသည့် SpeakUp® ဆက်သွယ်ရေးကိရိယာကို သင်၏ အဖွဲ့အစည်းမှ သင့်အတွက် ရွေးချယ်ပေးထားပါသည်။

People Intouch B.V. သည် ဥရောပသမဂ္ဂ (EU) ရှိ နယ်သာလန်နိုင်ငံတွင် အခြေစိုက်သည့်အတွက် ကမ္ဘာပေါ်ရှိ အပြည့်စုံဆုံးသော ပုဂ္ဂိုလ်ရေးအချက်အလက် ကာကွယ်ရေး စည်းမျဥ်းစည်းကမ်းများမှတစ်ခုဖြစ်သည့် EU GDPR (ဒေတာအချက်အလက် ကာကွယ်ရေး စည်းမျဥ်းစည်းကမ်း) အား လိုက်နာရန် ကတိပြုထားပါသည်။

သင်သည် SpeakUp® ကို အသုံးပြု၍ သင်၏အဖွဲ့အစည်းနှင့် ဆယ်သွယ်ပြောဆိုပါက ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးဖော်ပြချက်သည် သင်အပေါ်သက်ရောက်ပါသည်။

SpeakUp® အကြောင်း

SpeakUp® ကို အသုံးပြု၍ သင့်တိုင်ကြားစာအား ချန်ထားနိုင်ပြီး SpeakUp® ဝန်းကျင်တွင် သင့်အဖွဲ့အစည်းနှင့် လုံခြုံစွာဖြင့် စတင်ပြောဆိုဆက်သွယ်လိုက်ပါ။

သင့်အဖွဲ့အစည်းသည် SpeakUp® မှတစ်ဆင့် သင်၏ပုဂ္ဂိုလ်ရေးရာအချက်အလက်များ လုပ်ကိုင်ဆောင်ရွက်ရန် တာဝန်ရှိပြီး အချက်အလက်သိမ်းဆည်းသူအဖြစ် ရှိမည်ဖြစ်ပါသည်။ SpeakUp® နှင့်ပတ်သက်သည့်မေးခွန်းများနှင့် သင့်ပုဂ္ဂိုလ်ရေးအချက်အလက်ကို မည်သို့ကိုင်တွယ်ဆောင်ရွက်ပုံအကြောင်း မေးလိုသည်များရှိပါက သင့်အဖွဲ့အစည်းထံဆက်သွယ်ပါ သို့မဟုတ် SpeakUp မူဝါဒ နှင့်/သို့မဟုတ် ပုဂ္ဂိုလ်ရေးအချက်အလက် မူဝါဒကို ကြည့်ရှုပါ။ People Intouch သည် အချက်အလက် ကိုင်တွယ်ဆောင်ရွက်သူဖြစ်ပြီး ကျွန်ုပ်တို့သည် ၎င်း၏ အခန်းကဏ္ဍကို အထူးအလေးပေးပါသည်။ သင်၏ အဖွဲ့အစည်းနှင့် ပြောဆိုဆက်ဆံရာတွင် လုံခြုံမှုအရှိနိင်ဆုံးနည်းလမ်းအား ကျွန်ုပ်တို့က သင့်ကိုပံ့ပိုးပေးထားသည်ဟု ဆိုလိုပါသည်။

သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်သည် ကျွန်ုပ်တို့အတွက် အရေးကြီးပါသည်။ SpeakUp® ကို သင်အသုံးပြုနေစဥ်အတွင်း ဘေးကင်းလုံခြုံသည်ဟု ခံစားရစေလိုပြီး အောက်ပါတို့အကြောင်း သင့်ကိုအသိပေးလိုပါသည်-

ထိလွယ်ရှလွယ်ဖြစ်သော အချက်အလက်များ

SpeakUp® သည် လူမျိုး၊ ကျန်းမာရေး အချက်အလက်များ၊ နိုင်ငံရေးအမြင်များ၊ တွေးခေါ်မှုဆိုင်ရာ ယုံကြည်မှုများ (ဘာသာရေးကိုင်းရှိုင်းသည် သို့မဟုတ် ဘာသာမဲ့ စသည်)၊ လိင်စိတ်တိမ်းညွတ်မှု သို့မဟုတ် ပြစ်မှုမှတ်တမ်းကဲ့သို့သော ထိလွယ်ရှလွယ်ဖြစ်သော ပုဂ္ဂိုလ်ရေးအချက်အလက်များအား ဆက်သွယ်ပြောဆိုရန် ရည်ရွယ်ထားခြင်းမရှိပါ။ SpeakUp® ကို အသုံးပြုသည့်အခါ ဤအချက်ကို ထည့်သွင်းစဉ်းစားစေလိုပါသည်။

အရွယ်မရောက်သေးသူများ

သင်သည် အရွယ်မရောက်သေးသူတစ်ဦးဖြစ်ပါက ဥပဒေအရလိုအပ်ခြင်းဖြစ်လျှင် သင် SpeakUp® အသုံးပြုနိုင်စေရန် မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုချက်ကို သင့်အဖွဲ့အစည်းက လိုအပ်မည်ဖြစ်သည်။

၎င်းမည်သို့အလုပ်လုပ်သနည်း

SpeakUp® တွင် တိုင်ကြားစာထားခဲ့ပါက ဘာဖြစ်မည်နည်း။

တိုင်ကြားစာတွင် ပါဝင်သော အကြောင်းအရာများအား သင်၏ အဖွဲ့အစည်းနှင့် မျှဝေသွားမည်ဖြစ်ပြီး သင့်အဖွဲ့အစည်းမှ SpeakUp® ကို အသုံးပြုရန် ရည်ရွယ်ထားသည့် ရည်ရွယ်ချက်များအတိုင်းသာ ဆောင်ရွက်အသုံးပြုသွားမည်ဖြစ်ပါသည်။ တိုင်ကြားစာများအား စာဖြင့်ရေးသားကာ သင်၏ အဖွဲ့အစည်းနှင့် အမြဲမျှဝေသွားမည်ဖြစ်ပါသည်။ အသံဖိုင်တိုင်ကြားစာများအား မမျှဝေခင် စာဖြင့်ရေးသားဖော်ပြပြီး အသံဖိုင်အား အလိုအလျောက် ဖျက်ပစ်လိုက်မည်ဖြစ်ပါသည်။ SpeakUp® အတွက် အီးမေးလ် အသိပေးချက် သို့မဟုတ် ရိုးရိုးအသိပေးချက်ကို ဖွင့်နိုင်ပါသည်။ SpeakUp® မိုဘိုင်းအပလီပေးရှင်း၏ အသိပေးချက်အား စက်၏ ဆက်တင် (setting) ထဲတွင် ပိတ်နိုင်ပါသည်။ SpeakUp® တွင် တိုင်ကြားစာထားခဲ့ပါက ဘာဖြစ်မည်နည်းဟူသော အချက်အလက်ဆိုင်ရာများအား ပိုမိုသိရှိလိုပါက သင့်အဖွဲ့အစည်း၏ SpeakUp မူဝါဒ နှင့်/သို့မဟုတ် ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာမူဝါဒအား ကြည့်ရှုပါ။

အမည်မဖော်ပြခြင်း

SpeakUp® တွင် တိုင်ကြားစာချန်ထားသောအခါ သင်မည်သူဖြစ်သည်ကို သင်၏ အဖွဲ့အစည်းနှင့်မျှဝေရန် သို့မဟုတ် အမည်မဖော်လိုသူအဖြစ်နေရန် ဆုံးဖြတ်နိုင်သည်။ သင်၏တိုင်ကြားစာတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များပါဝင်ခဲ့ပါက တိုင်ကြားစာအား ကိုင်တွယ်သောအခါတွင် ထိုအချက်အလက်များအား သင်၏ အဖွဲ့အစည်းမှ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။

SpeakUp® အသုံးပြုသောအခါ မည်သည့်အတွက်ကြောင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ကိုင်တွယ်ဆောင်ရွက်သနည်း။

SpeakUp® မှတစ်ဆင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ကိုင်တွယ်မှု လိုအပ်ရခြင်းမှာ-

မည်သည့်အချက်အလက်ဒေတာများကို ကိုင်တွယ်ဆောင်ရွက်သနည်း။

SpeakUp® ကို အသုံးပြုစဥ် သင် ပေးထားသော အချို့အချက်အလက်များကို အလိုအလျောက်သိမ်းဆည်းထားပြီး သင်၏အဖွဲ့အစည်းနှင့် မျှဝေသွားမည်မဟုတ်ပါ။ လုံခြုံစိတ်ချရသော ချိတ်ဆက်မှုဆောင်ရွက်ရန်၊ လုံခြုံရေးခြိမ်းခြောက်မှု သို့မဟုတ် အန္တရာယ်ရှိသောလုပ်ဆောင်မှုများအား ကာကွယ်ရန်နှင့် သိရှိစေရန်၊ အတည်ပြုဆောင်ရွက်ချက်များနှင့် အသိပေးခြင်းဆိုင်ရာ (ဖွင့်ထားပါက- ဥပမာ သင့်အီးမေးလ်) ရည်ရွယ်ချက်များအတွက် SpeakUp® ၏ လုပ်ငန်းဆောင်တာများလုပ်ဆောင်ရန် ဤဒေတာများအား ကိုင်တွယ်ပါသည်။ အန္တရာယ်ရှိဖွယ် လုပ်ဆောင်မှုတစ်ခုကြောင့် အချိန်ကာလအားတိုးမြှင့်ခြင်းမှလွဲ၍ ဤအချက်အလက်များအား အခြားရည်ရွယ်ချက်များအတွက် မည်သည့်အခါမျှအသုံးပြုမည်မဟုတ်ဘဲ ရည်ရွယ်ထားသော အကြောင်းပြချက်အတွက်သာ လိုအပ်သလိုအသုံးပြုနိုင်ရန် အချိန်ကာလတစ်ခုအထိသာ သိမ်းဆည်းသွားမည်ဖြစ်ပါသည်။

အချက်အလက် လုံခြုံရေး

သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ပြင်ဆင်ခြင်း၊ တလွဲအသုံးပြုခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းမှကာကွယ်ရန် People Intouch သည် တင်းကြပ်သော ဆောင်ရွက်မှုနည်းလမ်းများအား အသုံးပြုထားပါသည်။ SpeakUp® အင်တာနက်စာမျက်နှာနှင့် SpeakUp® မိုဘိုင်းအပလီကေးရှင်းမှတစ်ဆင့် ဒေတာအချက်အလက်များကို ပေးပို့ရာတွင် ဝှက်စာပါဝင်သောနည်းလမ်းအား အသုံးပြုထားပါသည်။ 

ကွတ်ကီးများ

SpeakUp® အင်တာနက်စာမျက်နှာသို့ ဝင်ရောက်သောအခါ လုံခြုံသော ဆက်သွယ်ရေးဖြစ်စေရန် ကွတ်ကီးများကို အသုံးပြုပါသည်။ ကွတ်ကီးဒေတာများကို ၂ နာရီကြာပြီးနောက် ဖျက်ပစ်မည်ဖြစ်ပါသည်။ သင်၏ အင်တာနက်ဘရောက်ဆာ ဆက်တင်ကိုအသုံးပြု၍ ကွတ်ကီးများအား ဖျက်ခြင်း၊ ပိတ်ခြင်း သို့မဟုတ် ဘလော့ခြင်း ပြုလုပ်နိုင်ပါသည်။

ပြုပြင်ပြောင်းလဲခြင်း

People Intouch သည် ဖြစ်နိုင်သမျှ အကောင်းမွန်ဆုံးနည်းလမ်းဖြင့် သင့်အား အသိပေးသွားမည်ဖြစ်ပြီး ပုဂ္ဂိုလ်ရေး အချက်အလက်လုံခြုံရေး ဖော်ပြချက်ကိုလည်း အချိန်နှင့်အမျှ ပြောင်းလဲပြင်ဆင်သွားနိုင်ပါသည်။

သင့်အခွင့်အရေးကဘာတွေလဲ။

သင်၏အဖွဲ့အစည်းသည် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များအား ကိုင်တွယ်ဆောင်ရွက်ရာတွင် တာဝန်ရှိပြီး သင်ဆိုင်ရာအချက်အလက် ကာကွယ်ရေးဥပဒေများအား လိုက်နာသော သင့်၏အခွင့်အရေးများကိုလည်း အာမခံရမည်ဖြစ်ပါသည်။ သင်၏ အချက်အလက် ကာကွယ်ရေးဆိုင်ရာ အခွင့်အရေးနှင့် သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များအား သင်၏အဖွဲ့အစည်းမှ ကိုင်တွယ်ဆောင်ရွက်မှုများအကြောင်း ပိုမိုသိရှိလိုပါက သင့်အဖွဲ့အစည်း၏ SpeakUp မူဝါဒ နှင့်/သို့မဟုတ် ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒကို လေ့လာပါ။

ဇူလိုင်လ ၁၂ ရက် ၂၀၂၂ တွင် နောက်ဆုံးတည်းဖြတ်ထားသည်

***